19th July [Burmese Martyr's Day]

(Picture took from wn.com)

(Picture took from http://democracyforburma.wordpress.com)

အာဇာနည်ဗိမာန်ကို မိုးတွေ သဲသဲမဲမဲရွာနေတဲ့ကြားက တိုးဝှေ့ပြီး သွားကြပါတယ်။ ဗိုလ်ချုပ်ရဲ့  ဂူရှေ့ကို ရောက်တဲ့အခါ ဘာမှန်း မသိတသိနဲ့ မတ်တပ်ရပ်ပြီး ခဏလေး တွေတွေငေးငေး ဗိုလ်ချုပ်ဂူကို ကြည့်နေမိပါတယ်။ ဗိုလ်ချုပ်ကို မြင်ရသလိုခံစားရပါတယ်။ ဗိုလ်ချုပ်အသံကို ကြားယောင်လာပါတယ်။

“ ကျွန်တော်တို့ ဒီအစိုးရနဲ့ အရင်ကရှိခဲ့တဲ့ အစိုးရတွေ ယှဉ်ကြည့်လိုက်ရင် ကျုပ်ပြောရဲတယ်။ ယခု အစိုးရထဲမှာ လာဘ်စားတဲ့သူ မရှိဘူး ဆိုတာ ကျုပ်ပြောရဲတယ်။ အရင် အစိုးရတွေတုန်းက ကျုပ် အတိအလင်း ပြောတယ် လာဘ်စားတဲ့သူတွေ ရှိတယ်။ ခင်ဗျားတို့ ဘာပြောဦးမလဲ။ အဲဒီလို လူတွေက ယခုနေအခါမယ် တိုင်းပြည်ကို မိမိတို့ပါတီ ပြန်အာဏာရအောင် ခြေထိုးကြတဲ့ကိစ္စမှာ ယောင်ယောင်မှားမှား ဖြစ်နေတဲ့သူတွေဟာ စေတနာပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ တိုင်းပြည်သစ္စာဖောက်တဲ့ ကိစ္စမှာ ရန်သူ နံပါတ်တစ် တွေဖြစ်တယ်။ ...... တိုင်းပြည်လူထုရဲ့ ထောက်ခံမှုတွေနဲ့ ကျုပ်တို့အစိုးရ ဖြစ်နေတာ။ တိုင်းပြည်က မကြည်ညိုဘူး ဆိုတာသိလာတဲ့ တစ်နေ့မှာ ကျုပ်တို့ မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါပဲ”
(၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ မြို့တော်ခန်းမရှေ့တွင် ပြောကြားခဲ့သော တိုင်းပြည်ပြုလွှတ်တော် မိန့်ခွန်းဖြစ်ပါတယ်။)

* The quote from (၁၉) ဇူလိုင်၊ မေ့နိုင်ပါ့မလား  Article Written by မောင်တင်ဦး (မြောင်းမြ)- Eleven Media Group

Comments

Popular Posts